မန္တလေးမြို့တော်ဝန် မဲပေး

November 8, 2020

မန္တလေးမြို့တော်ဝန် မဲပေး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ ဒီကနေ့ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီလောက်က အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂) မှာ လာရောက် မဲပေးခဲ့ပါတယ်။ ဒေါက်တာရဲလွင်က အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မန္တလေးမြို့တော်ကို သာယာလှပရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မန္တလေးမြို့နေ ပြည်သူတော်တော်များများကလည်း ဒေါက်တာရဲလွင် မန္တလေးမြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်စေလိုကြပါတယ်။ ဒေါက်တာရဲလွင် အနေနဲ့ မြို့တော်ဝန်အဖြစ် တာဝန်ဆက်လက် ယူ မယူ ဆိုတာတော့ တိတိကျကျမပြောပဲ အောင်စာရင်းထွက်လာရင် သိရမယ်ဆိုပြီး မဲပေးအပြီး မဲရုံက အထွက်မှာ ပြောကြားခဲ့ပါတယ်။ သတင်း - နိုင်လင်းဦး
1 year Ago
Up