မန္တလေးမြို့

January 18, 2022

မန္တလေးမြို့က မြဝတီဘဏ်နှင့် ဂရိတ်ဝေါလ် ဟိုတယ်တို့တွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က မြဝတီဘဏ်နဲ့ မဟာအောင်မြေမြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ်တို့မှာ ဇန်နဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ 

ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ (သာယာဝတီမင်းကြီး) လမ်း ကျွဲဆည်ကန်ကားကြီးဝန်းအနီးက  မြဝတီဘဏ်ရှေ့အတွင်းခြံစည်းရိုး သံတံခါးအနီးမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာပါ။

အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “မြဝတီဘဏ်နားမှာက အစောင့်တွေရှိတယ်။ အခုကွဲတာ ဘာအထိအခိုက်မှာတော့ မကြားမိဘူး။ ကွဲတုန်းကတော့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ကြတယ်” လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ဂရိတ်ဝေါလ်ဟိုတယ် ဝင်ပေါက်မှာလည်း ပေါက်ကွဲခဲ့ပြီး အဆောက်အဦ ထိခိုက်ပျက်စီးတာရှိပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

2 days Ago

December 10, 2021

မန္တလေးမြို့ ယာဉ်အသွားအလာရှင်းနေသည့်လမ်းပေါ်တွင် စစ်ကား ၂ စီး တိုက်မိ၊ ၄ ဦး ဒဏ်ရာရ (ရုပ်သံ)

မန္တလေးမြို့ ၃၅ လမ်း နဲ့ ၇၈ လမ်းဆုံမှာ ဒီဇင်ဘာ ၁၀ ရက် Silent Strike သပိတ်နေ့ နေ့လယ် ၁ နာရီကျော်လောက်က စစ်ကား နှစ်စီး အရှိန်နဲ့ တိုက်မိခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောက်ကနေ တောင်ဘက်ကို မောင်းလာတဲ့ စစ်တပ်ကားတစီးက အနောက်ကနေ အရှေ့ဘက်ကို မောင်းလာတဲ့ တပ်ကားရဲ့ အနောက်ပိုင်းကို ဖြတ်တိုက်တာလို့ CCTV မှတ်တမ်းကနေ သိရပါတယ်။

အတိုက်ခံလိုက်ရတဲ့ စစ်ကားပေါ်ကနေ စစ်ကောင်စီတပ်သား ၄ ဦး ပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ကား နှစ်စီး တိုက်မိတဲ့အချိန်ဟာ ပြည်သူတွေ Silent Strike လုပ်တာကြောင့် လမ်းပေါ် ယာဉ်အသွားအလာ ရှင်းနေတဲ့အချိန်ဖြစ်ပါတယ်။

1 month Ago
More News
Up