မန္တလေးနေစဉ်

March 16, 2021

မန္တလေးနေစဉ်သတင်းစာတိုက်ဝန်ထမ်း ၁၉ ဦး အလုပ်ထုတ်ခံရ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ထုတ်ဝေနေတဲ့ မန္တလေးနေ့စဉ် သတင်းစာတိုက်က သတင်းထောက် တချို့နဲ့ ဝန်ထမ်းတချို့ကို CDM မှာ ပါဝင်တဲ့အတွက် အလုပ်က ထုတ်ပယ် လိုက်တယ်လို့ သိရပါတယ်။

သတင်းထောက်တွေ၊ကွန်ပျူတာစာရိုက်ဝန်ထမ်းတွေအပါအဝင်  စာပြင်ဝန်ထမ်း ၁၉ ဦးကို မတ် ၁၅ ရက်က စပြီး တာဝန်က ရပ်စဲလိုက်တယ်လို့ သိရပါတယ်။

အဲဒီဝန်ထမ်းတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးအောင်မောင်းနဲ့ မြို့တော်ဝန် ဦးရဲလွင်တို့ တာဝန်ယူစဉ်ကာလမှာ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးသက်နိုင်ထွန်းရဲ့ လက်မှတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။

9 months Ago
Up