မန္တလေးတိုင်းအစိုးရ

A d v e r t i s e m e n t With Us

February 18, 2021

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမျိုးသစ် အာမခံလျှောက်ထား

နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် တရားစွဲခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က အွန်လိုင်းကနေ ဗွီဒီယိုစနစ်နဲ့ ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်မှာ ကျန်းမာရေးအာမခံလျှောက်ထားခဲ့ပြီး ဆရာဝန်တစ်ဦးကို စစ်ဆေးခဲ့တယ်လို့ ဝန်ကြီးဦးမျိုးသစ်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဆွေက ပြောပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ဖေဖော်ဝါရီ ၂၂ ရက်ရက်နေ့မှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းတွေကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ် ဖွဲ့စည်းပြီးချိန်အထိ ရုံးပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ တိုင်းဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးဦးမျိုးသစ်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ထုတ်ပြန်ခဲ့ကာ အဲ့ဒီထုတ်ပြန်ချက်ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။

Photo - Kaung Zaw Hein / MPA

2 weeks Ago

November 15, 2020

ယူနန်ပြည်နယ်က မန္တလေးတိုင်းအစိုးရကို သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဟာ မန္တလေးတိုင်းအစိုးရအဖွဲ့ကို မြန်မာငွေကျပ်သိန်း ၈၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ လှူဒါန်းလိုက်ပါတယ်။ ယူနန်ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင် ဖြစ်တဲ့အချိန်ကစပြီး မန္တလေးတိုင်း အစိုးကို ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီခဲ့သလို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန တည်ဆောက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယူနန်ပြည်နယ်က အထူးလုပ်ငန်းအဖွဲ့ ပညာရှင်တွေနဲ့ ဓာတ်ခွဲခန်းစက်ပစ္စည်းကိရိယာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မနေ့က ပစ္စည်းတွေလက်ခံတဲ့ အခမ်းအနားမှာ တိုင်း  ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါတွေဟာ ကြီးမားတဲ့ ချစ်ကြည်ရေးသမိုင်းမှတ်တိုင် တခုဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့တို့အကြား သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr.Chen Chen  ကလည်း ဒါဟာ ယူနန် ပြည်နယ်အစိုးရကနေ မန္တလေးတိုင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အသက်ရှူစက်၊ PPE ဝတ်စုံနဲ့ နှာခေါင်းစည်းတွေ တတိယအကြိမ်မြောက် လှူဒါန်းတာဖြစ်ပြီး အခုဖြစ်နေတဲ့ ကပ်ရောဂါကို မြန်မာနိုင်ငံအစိုးရက ကြိုးစားပြီး ထိန်းချုပ်တိုက်ဖျက်နေသလို တရုတ်နိုင်ငံအနေနဲ့လည်း အိမ်နီးချင်းကောင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။ Photo : Myanmaalinn
4 months Ago
More News
Up