မန္တလေးတိုင်းဝန်ကြီးချုပ် ရေးမြို့တွင် ရေဘေးလာရောက်လှူဒါန်း

September 17, 2020

မဲဆွယ်ရာတွင် လူစုလူဝေးရှောင်ကြဉ်ကြရန် မန္တလေးတိုင်းဝန်ကြီးချုပ် မေတ္တာရပ်ခံ

အွန်လိုင်းပေါ် မဲဆွယ်စည်းရုံးနေကြတာကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့  လူစုလူဝေးနဲ့ စုရုံးတာတွေကို ရှောင်ကြဉ်ကြဖို့   မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ် အန်အယ်လ်ဒီ ပါတီ ဒုဥက္ကဋ္ဌ -၂ လည်းဖြစ်တဲ့  ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ အွန်လိုင်းပေါ် မဲဆွယ်စည်းရုံးနေတာ ထောက်ခံနေကြတာ တွေ့ရတာ အားရကျေနပ်မိပါတယ်။ ဒီလို အားပေးနေတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ အဖွဲ့များ လူငယ်များ ကလေးများ မိဘပြည်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တပြိုင်တည်းပြောချင်တာက အားပေးမှုက လူစုလူဝေးဖြစ်လို့ ကိုဗစ်ကူးစက်မှာ ပူပန်မိတယ်။ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေနဲ့ ငြိစွန်းနေပါတယ်။ ဒါကြောင့် လူစုလူဝေး ဖြစ်စေမယ့် စုရုံးမှုမျိုးကို ရှောင်ကြဉ်ကြပါလို့ အထူး မေတ္တာရပ်ခံပါရစေ။ ကိုဗစ်ရောဂါအတွက် ကာကွယ်ခြင်းဟာ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ  ကာကွယ်သလို ဖြစ်တဲ့အတွက် အားလုံးလိုက်နာခြင်း အားဖြင့် လူ့အဖွဲ့စည်း တစ်ခုလုံး  ကာကွယ်နိုင်ပါလိမ့်မယ်။ အမျိုးသားရေးတာဝန် ထမ်းခြင်းလည်း ဖြစ်ပါတယ်။”လို့ ဒေါက်တာဇော်မြင့်မောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။ ဒါ့အပြင် ကျန်းမာစွာနဲ့ နိုဝင်ဘာ ၈ ရက်မှာ မဲပေးနိုင်ဖို့ အခုချိန်မှာ ရောဂါမဖြစ်ပွားအောင်  ဂရုတစိုက် နေထိုင်ကြဖို့လည်း မန္တလေးပြည်သူတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ “ အားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရင်  ကိုဗစ်ကိုလည်း ကာကွယ်၊  အန်အယ်လ်ဒီ လည်း မဲပေး ထောက်ခံ နိုင်ပါလိမ့်မယ်။ ဒါမှ အောင်ပွဲစစ်စစ် ဖြစ်ပါမယ်။ မန္တလေး ဓာတ်ခွဲခန်းက လူပေါင်း ၂၂၈၄၉ ကို စစ်ဆေး ပြီးပါပြီ။ တာဝန်ယူ ဆောင်ရွက်နေသူတွေ အတော် ပင်ပန်းပါပြီ ။ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ ဆက်ပြီး တောင့်ထားကြပါလို့ ပန်ကြားပါတယ်။ မန္တလေးကို ကိုဗစ်ရန်က ဝိုင်းဝန်း ကာကွယ်ကြပါစို့” လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ အလားတူ မန္တလေးတိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ကိုကလည်း မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး  လက်ရှိမှာ ကိုဗစ်ကာလ လူစုလူဝေးရှောင်တဲ့အနေနဲ့ လူမှုကွန်ရက်ကနေ အဓိကထား မဲဆွယ်သွားမယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီအဖွဲ့ဝင်ဖြစ်တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ကိုဟာ  မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  မဲဆွယ်စည်းရုံးရေးကို အရင်နှစ်ကလို လမ်းတွေမှာ လူစုပြီး လုပ်မှာမဟုတ်ပဲ လက်ရှိမှာတော့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပြုလုပ်ထားပြီး အဲ့ဒီကနေပဲ ပြောချင်တဲ့ကတိကဝတ်တွေ စည်းရုံးရေးစကားတွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။  ပြည်သူတွေကိုပြောချင်တဲ့ စကားတွေနဲ့ အရင်က နိုင်ငံရေးလှုပ်ရှားမှုတွေကို ဗီဒီယိုလေးတွေ ရိုက်ပြီး လူမှုကွန်ရက်တွေကနေတဆင့် ဖြန့်ဝေမဲဆွယ်သွားမှာလို့လည်းပြောပါတယ်။   လက်ရှိ မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၁၄ ဦးရှိပြီး   ကန်တော်နဒီ ဆေးရုံ ပြည့်လို့ ကုတင် (၃၀၀) ဆေးရုံမှာ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူနဲ့  လိုအပ်မယ့် ပစ္စည်း၊ လူအား၊ ငွေအား ပြင်ဆင်ဖို့  ဆေးရုံအုပ်ကြီးတွေ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ သတင်း- နွေလှိုင်း(YU)
1 year Ago

June 16, 2020

မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်လွှာတင် 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအများစု ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ဖို့  လျှောက်လွှာတင်ထားကြပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် ဝန်ကြီးတွေဖြစ်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း စတဲ့ ဝန်ကြီးအများစုက ရွေးကောက်ပွဲဝင်ဖို့ လျှောက်လွှာတင်ထားကြတာပါ။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ကိုယ်တိုင် မြို့နယ်မှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာမတင်ပေမဲ့ ပါတီကနေပဲ အဆိုပြုထားတာကို တိုင်းအဆင့်ကို တင်ပေးလိုက်ပြီလို့ အမရပူရမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်ကတော့  အရင်ရွေးကောက်ခံခဲ့ရတဲ့မဲဆန္ဒနယ်ဖြစ်တဲ့ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကနေ အဆိုပြုလွှာတင်ထားတာဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ရေးနဲ့ လက်ရှိကျန်းမာရေးအရ ကောင်းမွန်တဲ့အနေအထားဖြစ်တာကြောင့် ပြန်လည်လျှောက်ထားတာဖြစ်တယ်လို့ ဝန်ကြီးဦးမျိုးသစ်က ပြောပါတယ်။ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်တို့ကလည်း အရင်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေမှာပဲ လျှောက်လွှာတင်ထားတာဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ကနေ ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လကမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်လာတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို မြို့နယ်အဆင့်စိစစ်ပြီးသွားပြီဖြစ်ပြီး လက်ရှိမှာ တိုင်းဒေသကြီး အဆင့်က စိစစ်တာတွေ လုပ်နေပါတယ်။ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဖြစ်တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် အနေနဲ့ကတော့ ကိုယ်စားလှယ်လောင်းလျှောက်လွှာမတင်ထားဘူးလို့ သိရပါတယ်။  သတင်း - နိုင်လင်းဦး
1 year Ago
More News
Up