မန္တလေးတိုင်း

January 23, 2022

မန္တလေးတိုင်းအခြေစိုက် MSTF အထူးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ၅ ဦး ပစ်ခတ်ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၂ ရက် နေ့လယ်  ၂ နာရီလောက်က စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ နေရာအတိအကျလာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် မန္တလေးတိုင်း အခြေစိုက် MSTF အထူးပြောက်ကျားတပ်ဖွဲ့က ခေါင်းဆောင် ၅ ဦး အဖမ်းခံလိုက်ရတယ်လို့ MSTF ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MSTF နဲ့ ချိတ်ဆက်ထားတဲ့ တခြားအဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘေးကင်းရာ အမြန်ဆုံး တိမ်းရှောင်ကြဖို့ ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။ 

ခေါင်းဆောင်တွေ ဖမ်းဆီးခံရပေမယ့် ကျန်ရှိ MSTF တပ်သားတွေအနေနဲ့ နောက်တွန့် ကြောက်ရွှံ့နေမှာမဟုတ်ဘဲ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းလိုက်နာပြီး ပြည်သူလူထုအား ဆက်လက်ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

6 mins Ago

January 8, 2022

မန္တလေးတိုင်း လွှတ်တော်ရဲကင်း လက်ပစ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်ရပ်ကွက်၊ ၉ လမ်း၊ လမ်း ၇၀ နဲ့ ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝင်ပေါက်ဂိတ် ရဲကင်းကို ဇန်နဝါရီ ၈ ရက် ဒီမနက် ၈ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

လွှတ်တော်အဝင်ပေါက် ရဲကင်းအမိုးပေါ်ကို လက်ပစ်ဗုံးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးသွားကာ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။

တချိန်တည်းမှာပဲ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ​လက်ပစ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး ပြတင်းပေါက် မှန်တွေ ပျက်စီးသွားခဲ့ပါတယ်။

2 weeks Ago
More News
Up