မန္တလေးကျုံးဘေး

A d v e r t i s e m e n t With Us

January 1, 2021

နှစ်သစ်ကူးကာလ မန္တလေးကျုံးဘေးတစ်လျှောက် လုံခြုံရေး တင်းကြပ်

၂၀၂၁ နှစ်သစ်ကူးညက မန္တလေးကျုံး ပတ်လည်တစ်လျှောက် လူစုလူဝေး မဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ကျုံးဘေးတလျှောက် ခေတ္တရပ်နား၊ လည်ပတ်သူ တချို့ကိုလည်း တာဝန်ရှိသူတွေက လိုက်လံတားမြစ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး ကာလတွေမှာတော့ မြို့တော်စည်ပင်က ဦးဆောင်ကာ နှစ်သစ်ကူး အခမ်းအနားတွေကို ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ စည်ပင်ရုံးကို မီးအလှဆင်ထားမှုသာ ရှိကာ count down အစီအစဉ်ကို ကျင်းပခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ကို‌ဗစ်-၁၉ ရောဂါကူးစက်မှု လျှော့ချနိုင်ဖို့အတွက် မန္တလေးမြို့အတွင်း လူစုလူဝေးအများဆုံး စုဝေးလေ့ ရှိတတ်တဲ့ ကျုံးနံဘေးတစ်လျှောက်လမ်းလျှောက်တာ၊ အားကစားပြုလုပ်တာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ကြဖို့ကိုလည်း ဒီဇင်ဘာလလယ်ကတည်းက မေတ္တာရပ်ခံ တားမြစ်ထားပါတယ်။ မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံ၊မဟာအောင်မြေနဲ့ အမရပူရမြို့နယ်တွေကို ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် စက်တင်ဘာလကတည်းက stay at home သတ်မှတ်ခဲ့တာဖြစ်ပြီး ကျန် လေးမြို့နယ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး stay at home ထပ်မံ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ည မထွက်ရ အမိန့်လည်း ထုတ်ပြန်ထားတာ ပါတယ်။ သတင်း- ထိန်ထိန်လင်း
4 weeks Ago

October 20, 2020

မန္တလေးကျုံးဘေးရှိ NLD ကား စတစ်ကာအလှပြိုင်ပွဲနေရာ ဖျက်ဆီးခံရ (ဓာတ်ပုံ) 

မန္တလေးမြို့၊ ကျုံးဘေးရှိ အောင်မြေသာစံမြို့နယ် ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ အကြားမှာ ပြင်ဆင်ထားတဲ့ NLD ကား စတစ်ကာအလှပြိုင်ပွဲနေရာ အောက်တိုဘာ ၂၀ ရက် မနက်က ဖျက်ဆီးခံခဲ့ရပါတယ်။ ဗီနိုင်းတွေ၊ ပိုစတာ ဆိုင်းဘုတ်တွေ စုတ်ဖြဲခံရတာနဲ့ အမိုးအကာတွေကို ကျုံးရေအတွင်း ပြစ်ချသွားတွေ ရှိခဲ့ပြီး  အနီးအနားမှာ ဖျက်ဆီးသူတွေရဲ့ ဓားနဲ့ သံတရွင်း လည်း ကျန်ခဲ့ပါတယ်။  ဒီလိုဖျက်ဆီးမှုကို ဘယ်သူက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးသလို ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ WE LOVE MANDALAY Group က စီစဉ်ကျင်းပတဲ့ NLD အမှတ်တံဆိပ်  ကားစတစ်ကာ အလှဆင်ပြိုင်ပွဲကို မန္တလေးမြို့မှာ ဒီနေ့ မနက်က ကျင်းပခဲ့ရာမှာ ကားအစီးရေ ၂၇၀ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ နိုင်လင်းဦး
3 months Ago
Up