မန္တလေ

February 25, 2021

မန္တလေး ကမ်းနားလမ်းပစ်ခတ်မှုဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရပြီး ဖမ်းဆီးခံရသူ ၁ ဦးသေဆုံး

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတို့က  အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်မှာ  သေနတ်ဒဏ်ရာရပြီး ဖမ်းဆီးခံရသူ တစ်ဦး သေဆုံးသွားပါတယ်။ 

ကိုရာဇာအောင်ဟာ ဖမ်းဆီးခံရတဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတည်းက ခြေသလုံးအထက်ပိုင်းမှာ သေနတ်ကျည်ဆန်ထိမှန်  ဒဏ်ရာရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းမှာ သေဆုံးခဲ့ပါတယ်။

သေဆုံးသူမှာ ဒဏ်ရာတွေတွေ့ရပြီး သူ့ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက COVID- 19 ရောဂါအကြောင်းပြကာ ပြန်မပေးဖို့ လုပ်နေတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင် က ပြောပါတယ်။ 

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ရာ  သေဆုံးသူ ၂  ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် လူအယောက် ၇၀  ကျော်ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈၀ လောက်ရှိပါတယ်။ 

2 months Ago

December 20, 2020

မန္တလေးမြို့ ခရစ္စမတ်အကြို ပြင်ဆင်မှုများ (ဓာတ်ပုံ)

လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မယ့် ခရစ္စမတ်နေ့အတွက် မန္တလေးမြို့ရှိ ခရစ်ယာန် ဘုရာကျောင်း အသီးသီမှာ မီးပန်းတွေ၊ ခရစ္စမတ် သစ်ပင်တွေနဲ့ အလှဆင်ထားတာကို တွေ့မြင်နေပါတယ်။

Photo - Kaung Zaw Hein / MPA

4 months Ago
More News
Up