မန်စီးတီး ၃-၁ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

August 29, 2016

မန်စီးတီး ၃-၁ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂၈ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စီးတီးက အိမ်ကွင်းမှာ ပထမပိုင်း ၇ မိနစ်နဲ့ မိနစ် ၉၀ မှာ စတာလင်က ၂ ဂိုးနဲ့ ၁၈ မိနစ်မှာ ဖာနန်ဒင်ဟိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၀က်စ်ဟမ်းအတွက် ချေပဂိုးကို ၅၈ မိနစ်မှာ အန်တိုနီယိုက သွင်းယူပါတယ်။ ဒီပွဲမှာ စီးတီးက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ၂၂ ကြိမ်အထိ ရခဲ့ပါတယ်။ စီးတီး ကွင်းလယ်သမား ဆေးဗားက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ မန်စီးတီးဟာ ၃ ပွဲကစား ၃ ပွဲစလုံးနိုင်ပြီး  ၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ တခြားပွဲစဉ်တခုမှာတော့ ၀က်စ်ဘရောင်းအသင်းနဲ့ တန်းတက် မစ်ဒယ်ဘရော့အသင်းတို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒီပွဲသရေကျလို့ မစ်ဒယ်ဘရော့ကတော့ ကစားပြီးတဲ့ ၃ ပွဲစလုံးမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို တင်လိုက်နိုင်ပါတယ်။ ဒီပွဲမှာ မစ်ဒယ်ဘရော့က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ၀က်စ်ဘရောင်းက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ လောလောဆယ် မစ်ဒယ်ဘရော့က ၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး ၀က်စ်ဘရောင်း ၄ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up