မန်စီးတီး ၂-၁ နော့်ဝစ်၊ ဆွမ်ဆီး ၀-၃ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

November 1, 2015

မန်စီးတီး ၂-၁ နော့်ဝစ်၊ ဆွမ်ဆီး ၀-၃ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ အသီးသီးအနိုင်ရပြီး ဆက်လက်ဦးဆောင်နေပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းက နော့ဝှစ်ခ်ျအသင်းကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မန်စီးတီးနဲ့ နော့ဝှစ်ခ်ျအသင်းတို့ဟာ ပထမပိုင်းမှာ တဖက်နဲ့တဖက်ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် အဖွင့်ဂိုးကို နီကိုလပ်စ်က ၆၇ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာပါ။ နော့ဝှစ်ခ်ျအသင်းအတွက် ချေပဂိုးကိုတော့ ၈၃ မိနစ်မှာ ဂျီရိုမီက သွင်းယူခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး ၈၉ မိနစ်မှာ ပင်နယ်တီကတဆင့် တိုရေးက သွင်းယူခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၁ ပွဲကစား ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး နော့ဝှစ်ခ်ျအသင်းကတော့ ၁၁ ပွဲကစား ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ ဆွမ်ဆီးအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို အိုလီဗာ ဂျီးရော့က ၄၉ မိနစ်မှာ ၁ ဂိုး၊ လောရန့်က ၆၈ မိနစ်မှာ ၁ ဂိုးနဲ့ ကမ်းဘဲလ်က ၇၃ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၁၁ ပွဲကစား ရမှတ် ၂၅ မှတ် ဂိုးကွာခြားချက်ကြောင့် မန်စီးတီးနောက် ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပြီး ဆွမ်ဆီးအသင်းကတော့ ၁၁ ပွဲကစား ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up