မန်စီးတီး ၂-၁ ဆန်းဒါးလန်း၊ အဲဗာတန် ၁-၁ စပါး (ရုပ်သံဟိုက်လိုက်)

August 14, 2016

မန်စီးတီး ၂-၁ ဆန်းဒါးလန်း၊ အဲဗာတန် ၁-၁ စပါး (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၁၃ ရက်နေ့ ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်စီးတီးနိုင်ပြီး ပွဲစဉ်အများစုကတော့ သရေ ကျသွားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ပြီး ဆန်းဒါးလန်းကို အနိုင်ရသွားတာပါ။ စီးတီးက ဒီပွဲမှာ ဂိုးသမား ဂျိုးဟတ် ချန်ထားပြီး ယှဉ်ပြိုင်သွားတာပါ။ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း  ပိုရခဲ့ပါတယ်။ ကျန်ပွဲစဉ်တွေမှာတော့ စပါးက အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီး အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ဘာကလေက ပွဲအစ ၅ မိနစ်မှာ သွင်းယူပါတယ်။ စပါးအတွက် ချေပဂိုးကို ၅၉ မိနစ်မှာ လာမယ်လာက သွင်းယူပြီး သရေ တမှတ်စီ ခွဲယူလိုက်ရပါတယ်။
5 years Ago
Up