မန်စီးတီး အရန်ကစားသမား ၆ ဦး ရောင်းထုတ်မည်

August 1, 2017

မန်စီးတီး အရန်ကစားသမား ၆ ဦး ရောင်းထုတ်မည်

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အရန်ကစားသမား ၆ ဦးလောက် ရောင်းထုတ်သွားဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက အငှားချထားတဲ့ ကစားသမားတွေဖြစ်တဲ့ တောင်ပံကစားသမား နာဆရီ၊ တိုက်စစ်မှူး ဘိုနီ၊ နောက်ခံလူ မန်ဂါလာနဲ့ ဒီနေယာတို့ အပါအဝင် အီဟီနာချို၊ ဖေဘီယန်ဒပ်ဖ် တို့ကို ရောင်းထုတ်သွားဖို့ စီစဉ်ထားပြီး ခေါ်ယူလိုတဲ့အသင်းတွေနဲ့ ဆွေးနွေးနေပါတယ်။ အသင်းမှာ ကွင်းလယ်ကစားသမားတွေ များနေတဲ့အတွက် နာဆရီကို အသင်းသစ်ရှာခိုင်းထားသလို တခြားကစားသမားတွေကိုလည်း ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေရဲ့ ခြေစွမ်းကိုတော့ ဂွါဒီယိုလာက ချီးကျူးခဲ့ပြီး ပုံမှန်နေရာအတွက် အာမခံချက်မရှိတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ လူငယ်တိုက်စစ်မှူး အီဟီနာချိုကို လက်စတာအသင်းဆီ ပေါင် ၂၅ သန်းနဲ့ ရောင်းချဖို့ ဆွေးနွေးနေပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ရာသီမှာ နောက်ခံလူ ၃ ဦး၊ ကွင်းလယ်လူ ၁ ဦးနဲ့ ဂိုးသမား ၁ ဦးအတွက် စုစုပေါင်း ပေါင်သန်း ၂၀၀ ကျော် ငွေကြေးသုံးစွဲ ခေါ်ယူထားပါတယ်။
4 years Ago
Up