မန်စီးတီး တိုက်စစ်မှူး အဂွီရို ဒဏ်ရာကြောင့် ၁ လ နားရမည်

October 10, 2015

မန်စီးတီး တိုက်စစ်မှူး အဂွီရို ဒဏ်ရာကြောင့် ၁ လ နားရမည်

အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာ ပွဲတွေကို ကစားပေးနေစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီးအသင်း တိုက်စစ်မှူး အဂွီရိုက ၁ လနားရမှာ ဖြစ်ပါတယ်။ အီကွေဒေါ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားတဲ့ ပွဲမှာ ပွဲချိန် ၂၂ မိနစ်မှာ ဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ်။ ဒီအတွက် အဂွီရိုဟာ အောက်တိုဘာ ၂၅ ရက် မြို့ခံပြိုင်ဘက် မန်ချစ်စတာ ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အပါအ၀င် ပွဲစဉ် ၄ ပွဲနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၂ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ အဂွီရို ဒဏ်ရာရရှိမှုနဲ့ အတူ စပိန်အသင်းက လူဇင်ဘတ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတဲ့ပွဲမှာ မန်စီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးဗားကလည်း ဒဏ်ရာရရှိသွားတဲ့ အတွက် မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။
6 years Ago
Up