မန်စီးတီး-စပါး

March 16, 2019

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များထွက်ပေါ်၊ ပရီးမီးယားလိဂ်နှစ်သင်း ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် မဲခွဲရာမှာ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ၊ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးနဲ့ ယှဉ်ပြိုင်ရမှာပါ။ နာမည်ကြီး လီဗာပူးအသင်းကတော့ ပေါ်တို၊ ဂျုဗင်တပ်က ဟော်လန်ကလပ် အေဂျက်နဲ့ ဆုံရမှာပါ။ ကွာတားဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ၂ သင်းထဲက နိုင်တဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ လီဗာပူးနဲ့ ပေါ်တို ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ မန်စီးတီးနဲ့ စပါးပွဲမှာ နိုင်တဲ့အသင်းကတော့ အေဂျက်နဲ့ ဂျုဗင်တပ်တို့ ၂ သင်းထဲက နိုင်တဲ့အသင်းတွေ့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ဧပြီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေ စတင်မှာပါ။ ဆီမီးဖိုင်နယ်ကိုတော့ ဧပြီ ၃၀ နဲ့ မေ ၁ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ဗိုလ်လုပွဲကို ဇွန် ၁ ရက်နေ့ စပိန်နိုင်ငံ မက်ဒရစ်မှာ ယှဉ်ပြိုင်မှာပါ။
3 years Ago
Up