မန်စီးတီးနှင့်ပွဲတွင် ကော်တင်ဟို ဒဏ်ရာကြောင့် ပါဝင်ရန် မသေချာ

September 8, 2017

မန်စီးတီးနှင့်ပွဲတွင် ကော်တင်ဟို ဒဏ်ရာကြောင့် ပါဝင်ရန် မသေချာ

လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ ဒဏ်ရာပြန်ရခဲ့တဲ့အတွက် မန်စီးတီးနဲ့ ကစားမယ့်ပွဲမှာ ပါဝင်ကစားဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ ကော်တင်ဟိုဟာ ဘရာဇီးအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ တဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာပြန်လည်ရရှိခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာဘဲ ဖြစ်နေတာပါ။ လီဗာပူးနဲ့ကစားမယ့် မန်စီးတီးအသင်းမှာလည်း အသင်းခေါင်းဆောင် ကွန်ပနီ ခြေသလုံးဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် မနက်ဖြန်ညနေ ၆ နာရီ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
4 years Ago
Up