မန်စီးတီးနှင့် လီဗာပူး ၁ ဂိုးစီသရေကျ

March 20, 2017

မန်စီးတီးနှင့် လီဗာပူး ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မတ်လ ၁၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ အသင်းကြီး ၂ သင်းတွေ့တာမို့ အပြန်အလှန် ထိုးဖောက်ကစားရင်း ပရိသတ်အကြိုက် ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို မန်စီးတီးနောက်ခံလူ ကလစ်ချီရဲ့ ဖျက်ထုတ်မှုကြောင့်ရခဲ့တဲ့ ပင်နယ်တီကို ဂျိမ်းစ်မီလ်နာက ကန်သွင်းယူပါတယ်။ အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ထိုးဖောက်ကန်သွင်းခွင့်မှာတော့ ဆတူ ရခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ၆၉ မိနစ်မှာ တောင်ပံဖြတ်တင်ဘောကနေ တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ နှစ်သင်းစလုံး အပိုင်နီးပါး ကန်သွင်းခွင့်တွေရပေမယ့် အသုံးမချနိုင်လို့ တဂိုးစီ သရေရလဒ်နဲ့ ကျေနပ်လိုက်ရပါတယ်။ ဒီပွဲသရေကျလို့ မန်စီးတီးက ၅၇ မှတ်နဲ့ အဆင့် ၃၊ လီဗာပူးက ၅၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up