မန်စီးတီးနောက်ခံလူ မန်ဂါလာကို အဲဗာတန် အငှားဖြင့် ခေါ်ယူ

February 1, 2018

မန်စီးတီးနောက်ခံလူ မန်ဂါလာကို အဲဗာတန် အငှားဖြင့် ခေါ်ယူ

အဲဗာတန်အသင်းဟာ မန်စီးအသင်းရဲ့ ဗဟိုနောက်ခံလူ မန်ဂါလာကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ တောင်ပံကစားသမား ဝေါလ်ကော့နဲ့ တိုက်စစ်မှူး ဆန့်ခ်တိုဆန်တို့ကို ခေါ်ယူထားတဲ့ အဲဗာတန်အသင်းဟာ တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် အသက် ၂၆ နှစ်အရွယ် မန်စီးတီးနောက်ခံလူကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ မန်ဂါလာဟာ ၂၀၁၄ ခုနှစ်က ပေါ်တိုအသင်းကနေ ပေါင် ၃၂ သန်းနဲ့ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ အခုနှစ် ဘောလုံးရာသီမှာတော့ သူဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ လေးပွဲပဲ ကစားခဲ့ရပါတယ်။ မန်စီးတီးဟာ အခုအပြောင်းအရွှေ့ရာသီမှာ ဘီလ်ဘာအိုနောက်ခံလူ လာပေါ်တေးကို ခေါ်ယူလိုက်တဲ့အတွက် မန်ဂါလာအနေနဲ့ ပွဲထွက်ခွင့်ရရေး မရေမရာဖြစ်လာလို့ အခုလို အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up