မန်စီးတီးအသင်း နည်းပြဂွါဒီယိုလာကသူ့အသင်းဟာ အခုထက်ပိုကောင်းလာမှာ ဖြစ်တယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
သူ့အနေနဲ့လည်း အသင်းမှာ လက်ရှိသက်တမ်းထက်ပိုနေဖို့ ဆန္ဒရှိနေတယ်လို့ လည်း ပြောဆိုလိုက်ပါတယ်။
မန်းစီးတီးဟာ ၆ ပွဲကစား ၆ ပွဲ နိုင်နဲ့ ပရီမီးယားလိဒ် ဇယားထိပ်မှာ ရပ်တည်နေပါတယ်။
တနင်္ဂနွေနေ့မှာတော့ စပါးလ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတွေကို ဂွါဒီယိုလာကိုင်တွယ်ခဲ့စဉ်က အခြေအနေ တွေ ထောက်ပြပြီး အသင်းဟာ ဒီထက်တိုးတက်ဖို့ရှိဦးမယ်လို့ သူက ပြောသွားခဲ့တာပါ။
တတိယနှစ်မှာ အသင်းရဲ့ကစားပုံဟာ ဒီထက် အများကြီး၊ အများကြီး ပိုကောင်းလာမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။
ဒါပေမယ့် တည်ငြိမ်ဖို့၊ လမ်းမချော်ဖို့၊ အခွင့်အရေးတွေ ပိုရဖို့ဆိုရင်တော့ အချိန်လို တဲ့အကြောင်းလည်းမန်စီးတီးအသင်း နည်းပြဂွါဒီယိုလာကပြောဆိုသွားပါတယ်။
4 years Ago