မန်စီးတီးအသင်းက

December 17, 2017

မန်စီးတီးအသင်းက စပါးကို (၄-၁)ဂိုးနဲ့အနိုင်ယူပြီး ရှုံးပွဲမရှိစံချိန်ထပ်တင် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) အဖြစ် မနေ့ညက ကန်သွားတဲ့  မန်စီးတီးနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ  မန်စီးတီးက (၄-၁)ဂိုးနဲ့ အနိုင်ရပြီး ရှုံးပွဲမရှိစံချိန်ထပ်တင်လိုက်ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန် ၁၄ မိနစ်မှာ ဂွန်ဒိုဂန် ကသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ဒီဘရိုင်းနားနဲ့ ပွဲချိန် မိနစ် ၈၀ နဲ့ ၉၀မှာ  စတာလင်တို့က အသီးသီးသွင်းယူပေးခဲ့တာပါ။ စပါးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့  ပွဲပြီးခါနီး နာကျင်အချိန်ပို အချိန်ကျမှ အဲရစ်ဆင်က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယာလိဂ်ပွဲစဉ် ၁၆ ပွဲဆက်တိုက်ရှုံးပွဲမရှိ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ရမှတ် ၅၂ မှတ်နဲ့ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။
4 years Ago
Up