မန်စီးတီးအလယ်တန်းလူ ဆေးဗား ချန်ပီယံလိဂ် ရီးရဲလ်နှင့်ပွဲလွဲမည်

A d v e r t i s e m e n t With Us

April 30, 2016

မန်စီးတီးအလယ်တန်းလူ ဆေးဗား ချန်ပီယံလိဂ် ရီးရဲလ်နှင့်ပွဲလွဲမည်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ပွဲကို အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာစီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးဗားလ်က တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ အသက် ၃၀ ဆေးဗားကတော့ မေ ၂၈ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။ ပထမအကျော့မှာလည်း ယာယာတိုရေးက ပေါင်ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ ပွဲမတိုင်ခင် ပြန်ကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။ ဧပြီ ၄ ရက်မှာတော့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up