မန်စီးတီးဘတ်စ်ကား

April 7, 2018

မန်စီးတီးဘတ်စ်ကား တိုက်ခိုက်ခံရမှုဖြစ်စဉ် ဗွီဒီယိုဖိုင်များ ပေးပို့ရန် ရဲတပ်ဖွဲ့ ထုတ်ပြန် (ရုပ်သံ)

မန်စီးတီးက လီဗာပူးကို ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီး အသင်းဘတ်စ်ကား တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဗွီဒီယိုဖိုင်တွေ ပေးပို့ကြဖို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လီဗာပူးပရိသတ်တွေဟာ မန်စီးတီးအသင်းရဲ့ ဘက်စ်ကားကို ပုလင်းတွေ၊ ဘူးတွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာကြောင့် အသင်းကားဟာလည်း လမ်းကြောင်းပြောင်းပြီးမှ အမ်ဖီးလ်ကွင်းကို သွားခဲ့ရတာပါ။ ဒါ့အပြင် ကားမှန်တချို့လည်း ကွဲခဲ့တဲ့အပြင် လုံခြုံရေး ၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မာဆေးဆိုဒ်ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးနေပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေကို တိတိကျကျ ဖမ်းဆီးစစ်ဆေးဖို့အတွက် အဲဒီအချိန်တုန်းက ဗွီဒီယို ရိုက်ထားတဲ့ ဖိုင်တွေကို ရဲတပ်ဖွဲ့အီးမေးလ်ကို ပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လီဗာပူးအသင်းက တရားဝင်စာထုတ်ပြီး တောင်းပန်ထားပေမယ့် ဥရောပဘော လုံးအဖွဲ့ချုပ်က လီဗာပူးအသင်းကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။
3 years Ago
Up