မန်စီးတီးနည်းပြ

July 27, 2019

လူငယ်ကြယ်ပွင့် ဖေးလ်ဖိုဒန်ကို မန်စီးတီးနည်းပြ ချီးကျူး

မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဖေးလ်ဖိုဒန်ဟာ တွေ့ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အရည်အသွေးအရှိဆုံး ကစားသမားဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ ဖိုဒန်ဟာ အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်လာဖို့အတွက် အရည်အသွေးအကုန်လုံးရှိနေပြီး နည်းပြသက်တမ်းတလျှောက် အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာလိုအသင်းမျိုးကို ကိုင်တွယ်ခဲ့ဖူးပြီးတော့ မက်ဆီ၊ အင်နီယေစတာ၊ ရှာဗီတို့လို ကစားသမားကောင်းတွေနဲ့ လက်တွဲခဲ့ဖူးပေမယ့် အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ဖိုဒန်ကို အခုလို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန်ဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာစီးတီးအသင်းအတွက်၂၁ ပွဲဝင်ရောက်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖိုဒန်ဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေပေမယ့် အချို့ပွဲစဉ်တွေမှာ ထည့်သွင်းကစားစေခြင်း မရှိသေးပါဘူး။ ဖိုဒန်ဟာ သူ့အတွက်ကံကောင်းစေသလို လက်တလော အသင်းရဲ့ ကစားသမားတွေဟာလည်း အကောင်းဆုံးဖြစ်ပြီး အောင်မြင်မှုတွေဟာ ကစားသမားတွေဆီကနေ ထွက်ပေါ်လာခဲ့တာလို့ ဂွါဒီယိုလာက ဆိုပါတယ်။
2 years Ago

November 4, 2018

ပေါင်သန်း ၂၂၀ ဖြင့် မက်ဆီကို ခေါ်ယူရန်မကြိုးပမ်းခဲ့ဟု မန်စီးတီးနည်းပြ ပြော

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂ဝ နဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ငြင်းဆန်လိုက်ပါတယ်။ ဘာစီလိုနာအသင်းကနေမက်ဆီရဲ့ ထွက်ခွာပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၂၂ဝ တန်ကြေး ရှိတယ်လို့ အသင်းက သတ်မှတ်ထားပြီးတော့ အဲ့ဒီပမာဏနဲ့ မန်စီးတီးက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက မက်ဆီကို ဘယ်တော့မှ မမေးတဲ့ စကားတခွန်းရှိခဲ့ကြောင်း၊ အဲ့ဒါကတော့ မက်ဆီ ဘိုင်ယန်မြူးနစ်ကို ပြောင်းလာမလားနဲ့ မန်စီးတီးကို ပြောင်းလာမလားဆိုတဲ့ မေးခွန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မက်ဆီဟာ ဘာစီလိုနာမှာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို အသင်းကရော ကစားသမားရောပါ နားလည်တာကြောင့် ဘယ်တော့မှ အသင်းပြောင်းမှာမဟုတ်ဘူးလို့လည်း အခိုင်အမာပြောကြားသွားခဲ့ပါတယ်။ နည်းပြဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို နည်းပြစဉ်က မက်ဆီနဲ့ အကောင်းဆုံး ဆက်ဆံရေးမှာ ရှိခဲ့တာကြောင့် အခုလိုကောလာဟလတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
More News
Up