မန်စီးတီးတွင်ဆက်နေချင်သော်လည်း အသင်းဆုံးဖြတ်ချက် စောင့်ကြည့်ရမည်ဟု အဂူရို ပြော

February 6, 2017

မန်စီးတီးတွင်ဆက်နေချင်သော်လည်း အသင်းဆုံးဖြတ်ချက် စောင့်ကြည့်ရမည်ဟု အဂူရို ပြော

မန်စီးတီးတိုက်စစ်မှူး အဂူရိုက အသင်းမှာ ဆက်နေချင်ပေမယ့် ရာသီအကုန်မှာ အသင်းကနေ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ညက ဆွမ်ဆီးကို အနိုင်ရတဲ့ပွဲစဉ်မှာ အရန်ထိုင်ခုံပေါ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ၈၃ မိနစ်ကျမှ ကစားခွင့်ရခဲ့ပါတယ်။ အခု ၃ လအတွင်းမှာ အသင်းကို ကူညီနိုင်အောင် လုပ်သွားမှာဖြစ်ပြီး ကျန်တာတော့ အသင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုက ပြောပါတယ်။ ဗြိတိသျှ ဘောလုံးအကဲခတ်တွေကတော့ တိုက်စစ်မှူး ဂျီးဆက်အနေနဲ့ အဂူရိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သုံးသပ်ထားပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂျီးဆက်ဟာ ကစားခွင့်ရတဲ့ ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားလို့ မန်စီးတီး နည်းပြက ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်စီးတီးနည်းပြကတော့ တိုက်စစ်မှူး အဂူရိုဟာ အသင်းရဲ့ အရေးကြီးတဲ့ ကစားသမား တယောက်အဖြစ် ဆက်ရှိနေသေးတယ်လို့ ပြောဆိုထားပါတယ်။
4 years Ago
Up