မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ် ၃ လခန့် အနားယူရမည်

February 16, 2017

မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ် ၃ လခန့် အနားယူရမည်

မန်စီးတီး လူငယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျီးဆပ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၃ လလောက် အနားယူရမှာဖြစ်လို့ ရာသီကုန်အထိ ပွဲထွက်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၁၉ နှစ်ရှိ ဂျီးဆပ်ဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ် ၁၅ မိနစ်မှာပဲ ညာဘက် ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် အဂူရိုနဲ့ လူစားလဲခဲ့ရတာပါ။ သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဆေးစစ်မှုခံယူအပြီးမှာတော့ ခွဲစိတ်ကုသရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်ဟာ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဘရာဇီးကလပ် ပေါလ်မီးယားယက်စ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတာပါ။ သူဟာ မန်စီးတီးအတွက် စတင်ပွဲထွက် ကစားခဲ့တဲ့ ၅ ပွဲမှာပဲ ၃ ဂိုး သွင်းယူထားပါတယ်။ ဂါဘရီယယ်ဂျီးဆပ် ဒဏ်ရာရသွားတဲ့အတွက် အရန်ခုံမှာ ထိုင်နေရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုအတွက်တော့ ပုံမှန်ပွဲထွက်ခွင့် ပြန်ရလာဖို့ ရှိနေပါတယ်။
4 years Ago
Up