ဧပြီ ၁၆ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ပွဲမှာတော့ အိမ်ရှင် ချဲလ်ဆီးအသင်းကို မန်စီးတီးက ၃ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော ပွဲချိန် ၃၃၊ ၅၄ နဲ့ ၈၀ (ပင်နယ်တီ) မိနစ်တွေမှာ အဂွါရိုတဦးတည်းက ဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၆၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
5 years Ago