မန်စီးတီးက ဘုန်းမောက်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ

February 14, 2017

မန်စီးတီးက ဘုန်းမောက်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၃ ရက်ညက ယှဉ်ပြိင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက အဝေးကွင်းမှာ ဘုန်းမောက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးက ဒီပွဲမှာ တိုက်စစ်မှူး အဂူရိုကို ပွဲအစမှာ ထုတ်မသုံးဘဲ လူငယ်တိုက်စစ်မှူး ဂျီးဆက်ကို အသုံးပြုသွားပါတယ်။ မန်စီးတီးကပဲ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၂၉ မိနစ်မှာ တိုက်စစ်မှူး စတာလင်က သွင်းယူပါတယ်။ စီးတီးအတွက် ဒုတိယဂိုးကိုတော့ ၆၉ မိနစ်မှာ တဘက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ ခြေစွမ်းပြကစားနိုင်တဲ့ တိုက်စစ်မှူး စတာလင် အကောင်းဆုံး ကစားသမားဆု ရရှိသွားပါတယ်။ ဘုန်းမောက်ကတော့ ဒီနှစ် အစပိုင်းထဲ ကစားတဲ့ ၇ ပွဲစလုံးမှာ နိုင်ပွဲမရှိသေးပါဘူး။ မန်စီးတီးကတော့ ၅၂ မှတ်နဲ့ အဆင့် ၂ နေရာကို တက်လှမ်းသွားပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၈ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဘုန်းမောက်ကတော့ ၂၆ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up