မန်စီးတီးက ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင်

March 6, 2017

မန်စီးတီးက ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

မတ်လ ၅ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။ တိုက်စစ်မှူး အဂူရိုအတွက်တော့ နောက်ဆုံးကစားတဲ့ ၃ ပွဲမှာ မန်စီးတီးအတွက် ၅ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ မန်စီးတီးကပဲ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ စီးတီးအတွက် ဒုတိယဂိုးကို ၅၉ မိနစ်မှာ တိုက်စစ်မှူး ဆာနေက သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီး ကွင်းလယ်ကစားသမား ဆေးလ်ဗား ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၅၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဆန်းဒါးလန်းကတော့ ၁၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago
Up