မန်စီးတီးကွင်းလယ်လူ

May 4, 2019

မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူရန် ဂျပန်ကလပ် စိတ်ဝင်စားနေ

ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းဟာ စပိန်ကွင်းလယ်လူ နှစ်ဦးနဲ့အတူ ကစားစေဖို့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။ ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် ဆေးလ်ဗားဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေသေးတာကြောင့် ခက်ခဲနိုင်ပေမယ့် ဂျေဝမ်းကလပ်ဘက်ကတော့ သူတို့အသင်းမှာ စပိန်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဗီလာနဲ့ အန်နီယေစတာတို့ ရှိနေတာကို အခွင့်ကောင်းယူပြီး ဂျပန်မြေကို အရောက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကစားသမားကတော့ သူ့အနေနဲ့ စာချုပ်သစ်ကို လက်ရှိအသင်း ဒါမှမဟုတ်ရင် သူ့ရဲ့ ငယ်မွေးခြံပေါက်ကလပ် လက်စ်ပဲလ်မက်စ်အသင်းနဲ့ပဲ စာချုပ်ချုပ်လိုတယ်လို့ ပြောကြားထားပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ ပြည့်နှစ်ကတည်းကစတင်ပြီး ဆယ်စုနှစ်တခုနီးပါး ကစားခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago

November 3, 2018

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ဒဏ်ရာကြောင့် ၁ လကျော် အနားယူရမည်

ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ ခရာဘောင် ရှုံးထွက်ပွဲစဉ်မှာ ကွင်းလယ်ကအားထားရတဲ့ ဒီဘရိုင်း ဒူးဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် ၁ လကျော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။ ဒီသတင်းဟာ အသင်းနဲ့ ပရိသတ်တွေအတွက် သတင်းဆိုးဖြစ်ခဲ့ပြီး အရေးပါတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကိုလည်း လွဲချော်တော့မှာပါ။ ဒီဘရိုင်းဟာ ပထမတခါ ဒူးဒဏ်ရာကြောင့် ၂ လနီးပါး အနားယူခဲ့ရသူဖြစ်ပြီးတော့ ဒီရာသီမှာလည်း ၂ ပွဲသာ ကစားထားနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်သလို ကြားရက်မှာတော့ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရဖို့ ရှိနပါတယ်။ ဒီဘရိုင်း အခုတခါရရှိခဲ့တဲ့ ဒဏ်ရာကတော့ ယခင်ဒူးဒဏ်ရာနဲ့ မတူဘူးလို့သိရပါတယ်။ ဒီဘရိုင်းရဲ့ဒဏ်ရာနဲ့ ပတ်သတ်လို့အသင်းဟာ အရေးပါတဲ့ ကစားသမားတဦး ဆုံးရှုံးးနေရတယ်ဆိုပေမယ့် လာမယ့်ပွဲတွေက ဖိုင်နယ်မဟုတ်ကြောင်း၊ ၃ မှတ်ရရှိဖို့ ကြိုးစားသွားမယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးဟာ အခုရာသီရှုံးးပွဲလုံးဝမရှိသေးတဲ့ အသင်းဖြစ်ပြီးတော့ အကောင်းဆုံးစုဖွဲမှု ပုံစံမှာရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
3 years Ago
Up