မန်စီးတီးကို ၄ ဂိုးပြတ်ဖြင့် အဲဗာတန် အနိုင်ယူ

January 16, 2017

မန်စီးတီးကို ၄ ဂိုးပြတ်ဖြင့် အဲဗာတန် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၁၅ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ အဝေးကွင်းမှာ အဲဗာတန်ကို  ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲဗာတန်အတွက် အနိုင်ဂိုးတွေကို ၃၄ မိနစ်မှာ လူကာကူ၊ ၄၇ မိနစ်မှာ မီရာလက်စ်၊ ၇၉ မိနစ်မှာ တွမ်ဒေဗီးစ်နဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လွတ်ခ်မန်းတို့က သွင်းယူပေးခဲ့ပါတယ်။ အဲဗာတန်အသင်းကို ရှုံးလိုက်တဲ့အတွက် ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ ချော်ထွက်သွားပြီ၊ အခုလို အချိန်မျိုးမှာ ကစားသမားတွေ ညီညွတ်ကြဖို့နဲ့ ရာသီမကုန်ခင် အချိန်အထိ အမှတ်ပေးဇယားကို မေ့ထားကြဖို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့်လည်း ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ မန်စီးတီးဟာ နောက်တပတ် ပွဲစဉ်မှာတော့ စပါးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အပြီးမှာ မန်စီးတီးက ရမှတ် ၄၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၀ မှတ်အကွာ အဆင့် ၅ မှာ ရပ်တည်နေပြီး အဲဗာတန်ကတော့ ၃၃ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပါတယ်။
5 years Ago
Up