မန်စီးတီးကို ၂ ဂိုးပြတ်သွင်းပြီး အနိုင်ယူသည့် စပါး

A d v e r t i s e m e n t With Us

October 3, 2016

မန်စီးတီးကို ၂ ဂိုးပြတ်သွင်းပြီး အနိုင်ယူသည့် စပါး (ရုပ်သံဟိုက်လိုက်)

တော့တင်ဟမ်ဟော့စပါးနဲ့ မန်စီးတီးတို့ အောက်တိုဘာ ၂ ရက်ညက ယှဉ်ပြိုင်ရာ စပါးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်းဟာ ဒီပွဲ အိမ်ကွင်းမှာ အမှတ်ပေးဇယားထိပ်က မန်စီးတီးကို အနိုင်ရဖို့အတွက် အာရုံစိုက်ပြီး အထူးကြိုးစား ကစားခဲ့တာပါ။ မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာတော့ တဘက်နဲ့တဘက် မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာ မန်စီးတီး နောက်ခံကစားသမား ကိုလာရော့ဗ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့အတွက် စပါး အဖွင့်ဂိုးရခဲ့ပြီး ၃၇ မိနစ်မှာ အယ်လီက စပါးအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာကတည်းက စပါးက ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီးက ဂန်ဒိုဂန်၊ ဆာနေးနဲ့ အီဟီရာနာချိုတို့ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ မန်စီးတီးက ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာပဲ ဆက်လက်ဦးဆောင်နေပြီး စပါးအသင်းကတော့ မန်စီးတီးအောက် တမှတ်လျော့ ၁၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up