မန်စီးတီးကို အနိုင်ယူပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်

March 16, 2017

မန်စီးတီးကို အနိုင်ယူပြီး မိုနာကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် မိုနာကိုနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတို့ မတ်လ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မိုနာကိုက တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ ၈ မိနစ်မှာ Mbappe က ပထမဂိုး၊ ၂၉ မိနစ်မှာ Fabinho က ဒုတိယဂိုးသွင်းပြီး ပထမပိုင်းမှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းခွင့်မှာတော့ မိုနာကိုက အသာရခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာ မန်စီးတီးအတွက် ဆာနေက ချေပဂိုး တဂိုး သွင်းယူပေးခဲ့ပေမယ့် ၇၇ မိနစ်မှာ မိုနာကိုအတွက် အဖိုးတန်ပွဲသိမ်းဂိုးကို Bakayoko က ခေါင်းတိုက်သွင်းယူပေးခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ မိုနာကို အနိုင်ရသွားတာပါ။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်စဉ်က မန်စီးတီးက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ ပြန်နိုင်တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုးစီ တူညီပေမယ့် အဝေးဂိုးစည်းမျဉ်းအရ မိုနာကို ကွာတားဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။
5 years Ago

May 5, 2016

မန်စီးတီးကို အနိုင်ယူပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

မေလ ၄ ရက်နေ့ ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ  စပိန်လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်က အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီး အသင်းကို တလုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။ ပထမပိုင်း မိနစ် ၂၀ လောက်မှာ ရီးရဲလ်အသင်းက ဒန်နီ ကာဗာဂျယ် အလိုက်သင့် မျှောပေးလိုက်တဲ့ ဘောလုံးကို ဂါရတ်ဘေးက မန်စီးတီး ဂိုးဧရိယာထဲထိ ဆွဲပြေးပြီး ဂိုးရှေ့ကို ချိုးပေးတဲ့ ဘောလုံးဟာ မန်စီးတီးနောက်ခံလူ ဖာနန်ဒိုရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းလွဲ ဂိုးဝင်သွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ စီရော်နယ်လ်ဒိုလည်း ဒီနေ့ပွဲမှာတော့ ပွဲချိန်ပြည့် ကစားသွားပြီး တိုက်စစ်မှူး ဘန်ဇီမာကလွဲပြီး အသင်းရဲ့ အဓိက ကစားသမားတွေ အစုံပါခဲ့သလို မန်စီးတီးအသင်းမှာလည်း ကွင်းလယ်လူ ဆေးလ်ဗားကလွဲပြီး အဓိက ကစားသမားတွေ ပါဝင်ကစားခဲ့တာပါ။ ဒီပွဲမှာ ရီးရဲလ်ကပဲ အသာစီးကနေ ကစားသွားပြီး မန်စီးတီးကတော့ ပွဲပြီးဆုံးခါနီး မိနစ်တွေမှာသာ ရီးရဲလ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားပြီး တဘက်မှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်လာတဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို မေလ ၂၈ ရက်နေ့ကျရင် အီတလီနိုင်ငံ မီလန်မြို့ ဆန်စီရို အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
6 years Ago
Up