ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် လီဗာပူးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှူး အော်ရီဂီကို ဒုတိယပိုင်းမှသာ အသုံးပြုခဲ့ပြီး ပွဲထွက်လူစာရင်းကို လယ်လာနာ၊ ဖေမီနို၊ မာနေ၊ အမ်မရီချန်၊ ဟန်ဒါဆန်၊ ဝိုင်နယ်လ်ဒမ်းတို့နဲ့ ကစားစေခဲ့ပါတယ်။
မန်စီးတီးအသင်းမှာတော့ တိုက်စစ်မှူး အဂွဲရိုး ပြန်လည်ပါဝင်လာပြီး ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း၊ စတာလင်၊ ဖာနန်ဒင်ဟို၊ ယာယာတိုရေးတို့နဲ့ တွဲကစားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဘောလုံးအပျက်များပေမယ့် တောင်ပံတိုက်စစ် အားကောင်းခဲ့ပြီး လယ်လာနာ၊ မာနေတို့ ခြေစွမ်းပြခဲ့ပါတယ်။
ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ ဝိုင်နယ်လ်ဒမ်းက လယ်လာနာရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။
နှစ်သင်းစလုံး တဦးချင်းအမှားတွေ ကျူးလွန်ခဲ့ပေမယ့် အခွင့်အရေး မယူနိုင်ခဲ့ကြတာကြောင့် လီဗာပူး ဂိုးထပ်မသွင်းနိုင်ခဲ့သလို မန်စီးတီးလည်း ချေပဂိုး မရခဲ့ပါဘူး။
ဒီပွဲအပြီးမှာတော့ လီဗာပူးက ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂၊ မန်စီးတီးက ၃၉ မှတ်နဲ့ အဆင့် ၃ မှာ အသီးသီး ရပ်တည်နေပါတယ်။
6 years Ago