မန်စီးတီးကစားသမား ဆာနေး ခြေချင်းဝတ်ဒဏ်ရာ ရရှိ

January 30, 2018

မန်စီးတီးကစားသမား ဆာနေး ခြေချင်းဝတ်ဒဏ်ရာ ရရှိ

အက်ဖ်အေဖလားပွဲစဉ်မှာ ပြင်းထန်တဲ့ဖျက်ထုတ်မှု ခံခဲ့ရတဲ့ မန်စီးတီးကစားသမား ဆာနေးဟာ ခြေချင်းဝတ် အရွတ်ဒဏ်ရာ ရရှိသွားပါတယ်။ အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ကာဒစ်ကို ၂ ဂိုး ဂိုမရှိနဲ့ အနိုင်ရခဲ့ပြီး ကာဒစ်နောက်ခံလူ ဘန်းနက်ရဲ့ ဖျက်ထုတ်မှုက ဆာနေးရဲ့ ခြေချင်းဝတ်ကို ထိခိုက်ခဲ့တာပါ။ ဒဏ်ရာနဲ့ပတ်သက်ပြီး ဆုတောင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပြီး မိမိထင်သလောက် ဒဏ်ရာမပြင်းထန်တဲ့အတွက် မကြာခင်မှာ ဘောလုံးပြန်ကစားနိုင်ဖို့ ကြိုးစားသွားမယ်လို့ လီရွိုင်းဆာနေးက သူ့ရဲ့ တွစ်တာစာမျက်နှာကနေ ရေးသားခဲ့ပါတယ်။ ဆာနေးကို ဖျက်ထုတ်ပုံနဲ့ ပတ်သက်လို့ နည်းပြ ဂွါဒီယိုလာကလည်း ဝေဖန်သွားခဲ့ပြီး ဒိုင်လူကြီးတွေအနေနဲ့ ကစားသမားတွေအပေါ် ကာကွယ်မှု ကောင်းကောင်းပေးသင့်တယ်လို့ ပြောဆိုသွားပါတယ်။ အသက် ၂၂ နှစ်ရှိ ဂျာမနီကစားသမား ဆာနေးဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြကစားနေပြီး မန်စီးတီးအသင်းအတွက် ၁၁ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးရအောင် ဖန်တီးပေးထားပါတယ်။
4 years Ago
Up