မန်စီနီကို ဇင်းနစ်အသင်း

June 2, 2017

မန်စီနီကို ဇင်းနစ်အသင်း နည်းပြအဖြစ် ခန့်အပ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နည်းပြ လူဆက်စကူကို ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ ရုရှားကလပ် ဇင်းနစ်အသင်းဟာ အင်တာမီလန်နှင့် မန်စီးတီးနည်းပြဟောင်း မန်စီနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဇင်းနစ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့ရတာကြောင့် လူဆက်စကူကို ထုတ်ပယ်ခဲ့တာလို့လည်း သိရပါတယ်။ မန်စီနီဟာ  ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလိမ့်မယ်လို့ ရေပန်းစားခဲ့ပေမယ့် ဇင်းနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဇင်းနစ်အသင်းဟာ မန်စီနီကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့်လည်း စွမ်းဆောင်မှုအပေါ် မူတည်ပြီး ၂ နှစ်ထပ်မံ သက်တမ်းတိုးဖို့  ထည့်သွင်းချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။
4 years Ago
Up