မန်စီနီ

May 16, 2018

ဘာလော့တယ်လီကို လက်ရွေးစင်အသင်းတွင် ပြန်ရွေးရန် ဆွေးနွေးမည်

တိုက်စစ်မှူး ဘာလော့တယ်လီကို လက်ရွေးစင်အသင်းမှာ ပြန်ရွေးဖို့ ဆွေးနွေးသွားမယ်လို့ အီတလီနည်းပြသစ် မန်စီနီက ပြောလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိ နိုက်စ်တိုက်စစ်မှူး ဘာလော့တယ်လီဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြီးကတည်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့တာပါ။ နည်းပြသစ် မန်စီနီအနေနဲ့ မန်စီးတီးနဲ့ အင်တာမီလန် အသင်းတွေကို ကိုင်တွယ်တုန်းက ဘာလော့တယ်လီနဲ့ လက်တွဲဖူးပါတယ်။ ဘာလော့တယ်လီဟာ အီတလီကစားသမားတဦး ဖြစ်တာကြောင့် လက်ရွေးစင်အသင်းကို ပြန်ခေါ်ဖို့အတွက် သူနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ မန်စီနီက ဆိုပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာ ဆွီဒင်ကိုရှုံးခဲ့လို့ ရုရှား ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပါတယ်။
3 years Ago

May 3, 2018

မန်စီနီကို အီတလီလက်ရွေးစင် နည်းပြအဖြစ် ခန့်အပ်

မန်စီးတီးနည်းပြဟောင်း ရော်ဘတ်တို မန်စီနီကို အီတလီလက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပြီလို့ အီတလီမီဒီယာတွေမှာ ဖော်ပြနေပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြ မန်စီနီဟာ လောလောဆယ် ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစ်ဘတ်အသင်းမှာ နည်းပြ လုပ်နေတာပါ။ သူဟာ မန်စီးတီး၊ အင်တာမီလန်၊ တူရကီကလပ် ဂါလာတာစာရေး အသင်းတွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အသင်းအတွက် ချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ အီတလီလက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲ မအောင်မြင်တဲ့အတွက် ရုရှားက အိမ်ရှင်လုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ထားပါတယ်။
3 years Ago
Up