မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂၂ ဦးအထိ ရှိ

May 24, 2017

မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲ တိုက်ခိုက်ခံရမှု သြစတြေးလျဝန်ကြီးချုပ် ရှုတ်ချ

မေလ ၂၃ ရက်နေ့က သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်တန်ဘူးလ်ဟာ ဆယ်ကျော်သက်တွေကို တမင်ပစ်မှတ်ထားတဲ့ မန်ချက်စတာမြို့ဖျော်ဖြေပွဲ တိုက်ခိုက်မှုကို  ယုတ်မာတဲ့လုပ်ရပ်လို့ ခေါ်ဆိုပြီး ရှုတ်ချလိုက်ပါတယ်။ အောက်လွှတ်တော်မှာ ဝန်ကြီးချုပ်တန်ဘူးလ်က သြစတြေးလျဟာ ဗြိတိန်ပြည်သူတွေနဲ့ အတူတကွ စည်းလုံးညီညွတ်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားရာမှာ သြစတြေးလျဆိုင်ရာ ဗြိတိန် ဒုတိယမဟာမင်းကြီး အင်ဂရစ် ဆောက်သ်ဝါ့သ် (Ingrid Southwarth) လည်း ရှိနေခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အခုတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုလို့ သဘောထားကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့သာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပါက ၂၀၀၅ ခုနှစ် လန်ဒန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၂ ဦး သေဆုံးပြီးကတည်းက အခုတိုက်ခိုက်မှုဟာ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။
4 years Ago

May 23, 2017

မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂၂ ဦးအထိ ရှိ

အမေရိကန် ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်ရဲ့ ဂီတဖျော်ဖြေပွဲမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂၂ ဦးအထိရှိပြီး ၅၉ ဦး ဒဏ်ရာရတယ်လို့ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့အကြီးအကဲ အီယန် ဟော့ပ်ကင်းစ်က ပြောပါတယ်။ တိုက်ခိုက်သူဟာ အသေခံဗုံးခွဲသမားတဦးဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ မေလ ၂၂ ရက် ညပိုင်းက ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှ ပရိသတ် ၂ သောင်း ၁ ထောင်လောက်ဆန့်တဲ့ အားကစားရုံတခုတွင်း ကျင်းပခဲ့တဲ့ အမေရိကန် ပေါ့ပ်အဆိုကျော် အေရီယန်နာ ဂရဲန်းဒ်ရဲ့ ဂီတဖျော်ဖြေပွဲမှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။
4 years Ago
Up