မန်ချက်စတာရန်ပုံငွေဂီတဖျော်ဖြေပွဲတွင်း ကလေးများနှင့် ကခုန်ခဲ့သည့် ရဲအရာရှိရုပ်သံ ရေပန်းစား

June 5, 2017

မန်ချက်စတာရန်ပုံငွေဂီတဖျော်ဖြေပွဲတွင်း ကလေးများနှင့် ကခုန်ခဲ့သည့် ရဲအရာရှိရုပ်သံ ရေပန်းစား

မန်ချက်စတာဗုံးခွဲတိုက်ခိုက်မှု ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင်းမှာ ကလေးပရိသတ်တွေနဲ့ လက်တွဲကခုန်ခဲ့တဲ့ ရဲအရာရှိတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ One Love Manchester လို့ အမည်ပေးထားခဲ့တဲ့ ဒီဂီတဖျော်ဖြေပွဲကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ အေရီယန်နာ ဂရဲန်းဒ်၊ ဂျပ်စတင် ဘီဘာနဲ့ ကေတီပယ်ရီတို့ အပါအဝင် တခြား နာမည်ကြီး အဆိုတော်များစွာ ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီရဲအရာရှိဟာ ပေါ့ပ်အဆိုကျော် ဂျပ်စတင်ဘီဘာ သီဆိုဖျော်ဖြေနေချိန်မှာ ကလေးပရိသတ်တွေနဲ့ လက်တွဲကခုန်ပြီး ပတ်ချာလည်လှည့် ကခုန်နေခဲ့တာကို တွေ့ရမှာပါ။ ဒီရန်ပုံငွေကို မန်ချက်စတာမြို့ကောင်စီနဲ့ ဗြိတိသျှကြက်ခြေနီအဖွဲ့တို့ ပူးတွဲ ထူထောင်ထားတာဖြစ်ပြီး အိုးထရက်ဖို့ဒ် ခရစ်ကက် ကစားကွင်းထဲမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တွစ်တာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့နေခဲ့ပြီး နာမည်ကြီးနေခဲ့တာပါ။ တွစ်တာအသုံးပြုသူတဦးကတော့ “ဒီကလေးတွေနဲ့ ကခုန်ခဲ့တဲ့ ရဲအရာရှိရဲ့ ဖျော်ဖြေမှုဟာ ဒီညရဲ့ အကောင်းဆုံး အစိတ်အပိုင်းတခုပါပဲ။ မန်ချက်စတာရဲ့ သန့်ရှင်းစင်ကြယ်တဲ့ စိတ်ဝိညာဉ်ပါပဲ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
4 years Ago
Up