မန်ချက်စတာယူနိုက်တက်

July 8, 2019

မန်ယူ၏ ရာသီကြို ခြေစမ်းခရီးစဉ်ကို ကွင်းလယ်လူ ပေါ့ဂ်ဘာ လိုက်ပါ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ သြစတြေးလျနဲ့ အာရှတိုက် ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေကြောင့် အသင်းနဲ့အတူ ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါကစားဖို့အတွက် မသေချာမရေရာ ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့  အသင်းနဲ့အတူ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဇူလိုင် ၁၃ ရက်မှာ သြစတြေးလျကလပ် ပါ့သ်ဂလိုရီအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်မှာ လိဒ်ယူနိုက်တက်နဲ့ သြစတြေးလျမှာပဲ ဆက်ကစားမှာပါ။ အဲဒီနောက် ဇူလိုင် ၂၀ ရက်မှာ စင်ကာပူမှာ အင်တာမီလန်၊ ဇူလိုင် ၂၅ ရက်မှာ စပါးနဲ့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
2 years Ago

June 5, 2019

မန်ယူကို စီရော်နယ်ဒို သွင်းယူခဲ့သည့်ဂိုးအား ချန်ပီယံလိဂ် အကောင်းဆုံးဂိုးအဖြစ် သတ်မှတ် (ရုပ်သံ)

မန်ချက်စတာယူနိုက်တက်ဘက်ကို သွင်းယူခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ဂိုးကို ချန်ပီယံလိဂ် အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတလျှောက် အကောင်းဆုံးသွင်းဂိုး ၁၀ ဂိုးကို ထုတ်ပြန်ခဲ့ရာမှာ မန်ယူနဲ့ အုပ်စုပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ သွင်းဂိုးက နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာပါ။ စီရော်နယ်ဒိုဟာ နောက်ခံလူ ဘာဇာဂလီရဲ့ ပေးပို့မှုကနေ မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို ကျော်ဖြတ်ပြီး မြေမကျ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံရတာဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲမှာတော့ ရီးရဲလ်တိုက်စစ်မှူးအဖြစ် ဂျူဗင်တပ်အသင်းကို သွင်းယူခဲ့တဲ့ ဘိုင်စကယ်ကန်ချက်နဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒုတိယအကောင်းဆုံးဂိုးအဖြစ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးအသင်းဘက်ကို ဖရီးကစ်ကနေ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ဂိုးကို သတ်မှတ်ခဲ့ပါတယ်။ တခြား အကောင်းဆုံးဂိုးတွေအဖြစ် ဘိုင်ယန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ မာနေးရဲ့ဂိုး၊ စပါးဘက်ကို သွင်းယူခဲ့တဲ့ ရာကီတစ်ရဲ့ဂိုး၊ ဟော့ဖန်ဟိမ်းဘက်ကို သွင်းခဲ့တဲ့ စတာလင်ရဲ့ဂိုး၊ မန်ယူနိုက်တက်ဘက်ကို သွင်းခဲ့တဲ့ အမ်ဘာပီရဲ့ဂိုး၊ စပါးဘက်ကို သွင်းခဲ့တဲ့ ဒမ်ဘီလီရဲ့ဂိုး၊ မန်ယူနိုက်တက်ဘက်ကိုပဲ သွင်းယူခဲ့တဲ့ ကော်တင်ဟိုရဲ့ဂိုးနဲ့ လီဗာပူးဘက်ကို သွင်းခဲ့တဲ့ ဆွာရက်ဇ်ရဲ့ဂိုးတွေက အကောင်းဆုံး ၁၀ ဂိုးမှာ အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။
2 years Ago
More News
Up