မန်ချက်စတာယူနိုက်တက်

A d v e r t i s e m e n t With Us

July 24, 2019

ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်း စာရင်းတွင် မန်ယူ အဆင့် ၆ အထိကျဆင်း

ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းစာရင်းမှာမှာ မန်ယူအသင်းက အဆင့် ၆ အထိ ကျဆင်းသွားပါတယ်။ ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းစာရင်းကို ဖို့ဘ်စ် (Forbes) မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့တဲ့ မန်ယူအသင်းက အဆင့် ၆ နေရာအထိ ကျဆင်းသွားတာပါ။ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် အမေရိကန်ဖွတ်ဘောအသင်း ဒါးလက်စ်ကောင်းဘွိုင်စ် အသင်းက ပေါင် ၄ ဘီလီယံနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ပေါင် ၃ ဒသမ ၇ ဘီလီယံနဲ့ အမေရိကန် ဘေ့စ်ဘောအသင်း နယူးယော့ခ် ရန်းကီးစ်အသင်းက ရပ်တည်ခဲ့ပါတယ်။ တတိယနေရာမှာတော့ စပိန်ဘောလုံးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃ ဒသမ ၄ ဘီလီယံနဲ့ ရပ်တည်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ပေါင် ၃ ဒသမ ၀၇ ဘီလီယံနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအရှိဆုံး အားကစားအသင်း သတ်မှတ်ရာမှာ ကွင်းတွင်းစွမ်းဆောင်မှုအပြင်၊ စပွန်ဆာစာချုပ်၊ မီဒီယာနဲ့ ရုပ်သံထုတ်လွှင့်ခွင့် စတဲ့ ဝင်ငွေရလမ်း အများအပြားကို ထည့်သွင်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago

July 23, 2019

မန်ယူအသင်းခေါင်းဆောင်ရာထူး ရယူချင်ဟု ဂိုးသမား ဒီဂီယာ ပြော

လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ရာထူး ရယူသွားချင်တယ်လို့ မန်ယူဂိုးသမား ဒီဂီယာက ပြောလိုက်ပါတယ်။ ဒီဂီယာဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ရာသီကြိုခရီးစဉ်ကနေ မန်ချက်စတာကို ပြန်ရောက်ရှိတဲ့အချိန်မှာ တရားဝင်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒီဂီယာဟာ ၂၀၂၅ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုးခဲ့ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းဝန်းကျင် ရရှိမှာပါ။ ပွဲစဉ်တချို့မှာ အသင်းခေါင်းဆောင်ရာထူးတာဝန် ယူခဲ့ဖူးပြီး အဲဒီလို အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားနေရတဲ့အချိန်မှာ အံ့အားသင့်စရာခံစားမှု ရရှိတယ်လို့ ဒီဂီယာက ဆိုပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်မယ်ဆိုရင် ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ဒီဂီယာက ပြောပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒီဂီယာအပြင် ဗလင်စီယာ၊ အက်ရှ်လေယန်း၊ စမောလင်း စတဲ့ကစားသမားတွေကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ဖူးပါတယ်။
2 years Ago
More News
Up