မန်ချက်စတာဒါဘီပွဲစဉ် ကစားသမားပြောင်းရွှေ့ကြေး တန်ဖိုးအများဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ဖွယ်ရှိ

September 9, 2016

မန်ချက်စတာဒါဘီပွဲစဉ် ကစားသမားပြောင်းရွှေ့ကြေး တန်ဖိုးအများဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ဖွယ်ရှိ

လာမယ့် စက်တင်ဘာ ၁၀ ရက် ညနေမှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဟာ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးအများဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ဖို့ ရှိနေပါတယ်။ ဒီနှစ်သင်း ပွဲထွက်ကစားမယ့် ကစားသမားစာရင်းရဲ့ တန်ဖိုးဟာ ပေါင်သန်း ၆၀၀ ကျော်ရှိနေတာပါ။ မန်ယူအသင်း ပွဲထွက်ကစားမယ့် ကစာသမား ၁၁ ဦးရဲ့ တန်ဖိုးဟာ ပေါင် ၃၂၈ သန်းရှိပြီး မန်စီးတီးအသင်းရဲ့ တန်ဖိုးဟာ ပေါင် ၂၈၉ သန်းကျော် ရှိနေတာဖြစ်ပါတယ်။ ဒီထဲမှာ ဒဏ်ရာရရှိနေတဲ့ မန်ယူကွင်းလယ်လူ အမ်ခီတာယန်၊ ပွဲပယ်ခံထားရတဲ့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးတို့ကို ထည့်သွင်းတွက်ချက်ထားတာ မရှိပါဘူး။ မန်ယူအသင်းမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပေါ့ဘာက ပေါင် ၈၉ သန်းနဲ့ တန်ဖိုးအရှိဆုံး ကစားသမားဖြစ်ပြီး မန်စီးတီးအသင်းမှာတော့ ပေါင် ၅၄ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ ဒီဘရိုင်းက တန်ဖိုးအရှိဆုံး ကစားသမား ဖြစ်ပါတယ်။
5 years Ago
Up