ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆွယ်စည်းရုံးရေးသွားတဲ့ ကားနှစ်စီး အောက်တိုဘာ ၁၈ နေ့ မနက်က မူဆယ်မြို့နယ် မန့်ဟီးရိုးလှေဆိပ်မှာ အရှိန်လွန်ပြီး မြစ်ထဲထိုးကျသွားတာကြောင့် ၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မန့်ဟီးရိုးမြို့ကို အသွားမှာ အခုလို ဖြစ်ခဲ့တာလို့ မူဆယ်မြို့နယ် ကရုဏာလူမှုကူညီရေးအသင်းဝင် ဦးသောင်းထွန်းက ပြောပါတယ်။
မြစ်ထဲကျသွားတဲ့ ကားနှစ်စီးထဲမှာ ပါသွားသူတွေထဲက ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကလေး ၁ ဦး၊ အမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ဦး ပျောက်ဆုံးနေတာကြောင့် ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူတွေဟာ စေတနာ့ဝန်ထမ်းလူငယ်တွေ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း စိုင်းကျော်ဝင်းက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - Nang Sabai
2 years Ago