ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က ဆင်းရဲသားရပ်ကွက်မှာ မီးအကြီးအကျယ်လောင်ခဲ့လို့ ထောင်နဲ့ချီတဲ့ မိသားစုတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ညကတည်းက စလောင်တဲ့မီးဟာ အမြန်ကူးစက်ခဲ့တာဖြစ်ပြီး မီးကြောင့် အသက်ကြီးအမျိုးသမီး ၁ ဦး သေဆုံးပြီး တခြားလူ ၃ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တချို့ဒေသခံတွေက ဒီဇင်ဘာ ၂၈ ရက်မှာ သူတို့ရဲ့ မီးလောင်ခံအိမ်တွေဆီ ပြန်လာပြီး ကျန်ခဲ့တဲ့ ပစ္စည်းတချို့ကို လာယူကြပါတယ်။
မီးဘေးဒုက္ခသည် တဦးကတော့ အကူအညီပေးဖို့ မေတ္တာရပ်ခံပြီး လာမယ့်နှစ်သစ်ကျရင် လမ်းဘေးမှာ သားသမီး ၄ ဦးနဲ့အတူ နေရနိုင်တယ်လို့ ပြောပါတယ်။
ဒေသခံအစိုးရကတော့ မီးဘေးသင့် မိသားစုတွေကို ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်း နေရာချပြီး အကူအညီပေးမယ်လို့ ပြောပါတယ်။
မီးဖိုချောင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်တာဖြစ်ပြီး မီးဘေးကြောင့် အနည်းဆုံး အမေရိကန်ဒေါ်လာ တသောင်းကျော်ဖိုး ပျက်စီးတယ်လို့ မီးသတ်အရာရှိ ရီကိုကွမ်တျူက ပြောပါတယ်။
“မနီလာမြို့တော်က ဆင်းရဲသားရပ်ကွက်တွေမှာ မီးလောင်တာ ဖြစ်နေကျပါ။ အပေါစား ပစ္စည်းတွေနဲ့ အိမ်ဆောက်ထားပြီး တရားမဝင် မီးခိုးသွယ်ရာက လျှပ်စစ်ဝါယာ ရှော့ခ်ဖြစ်ပြီး လောင်တာ အများဆုံးပဲ” လို့ မီးဘေးကာကွယ်ရေးဗျူရိုက ပြောပါတယ်။
6 years Ago