မနက် ၅ နာရီ

April 2, 2020

ဘန်ကောက်ဈေးဆိုင်အားလုံး ညသန်းခေါင်မှ မနက် ၅ နာရီထိ ပိတ်သိမ်းရန် အမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဈေးဆိုင်တွေအားလုံးကို ည သန်းခေါင်ကနေ မနက်အထိ ပိတ်သိမ်းကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်မှုအဖွဲ့မှ မြို့တော်ဝန် အက်စ်ဝင် ကွမ်မောင်းက “ဆိုင်တွေအားလုံး အခုညသန်းခေါင်ကနေ စပိတ်ရမှာပါ။ အဲဒီဆိုင်တွေထဲမှာ လမ်းမကြီး ဘေးဝဲယာတလျှောက်ဆိုင်တွေလည်း ပါပါတယ်။ မနက် ၅ နာရီမှ ပြန်ဖွင့်ခွင့်ပေးမှာပါ”လို့ ပြောလိုက်တာပါ။ မြို့တော် တာဝန်ရှိသူတွေအနေနဲ့ ဒီလှုပ်ရှားမှုကို လမ်းမပေါ် လူစုလူဝေးနဲ့ သွားလာမှုတွေ လျှော့ချနိုင်စေဖို့အတွက် စစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘန်ကောက်မြို့တော်ခန်းမပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဖောင်ဆာခွန်ကွမ်မောင်း ကတော့ ခုလိုပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်မှုတွေထဲမှာ လူနေအိမ်ရာတွေထဲက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ အပန်းဖြေပန်းခြံတွေလည်း ပါဝင်ပြီး ဒီနေ့ညသန်းခေါင်ကစတင်ကာ လာမယ့် ဧပြီလ ၃၀ ရက်နေ့ထိ အကျုံးဝင်မယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ ထိုင်းနိုင်ငံတဝှမ်း ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရ သူ ၁၇၇၁ ယောက် ရှိနေပြီး ဘန်ကောက်မြို့ကတော့ လူပေါင်း ၈၅၀ ထိ ကူစက်ခံထားရကာ အမြင့်ဆုံးနှုန်းနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။
2 years Ago
Up