မဒရစ်

January 21, 2021

စပိန်မြို့တော် မဒရစ်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၃ ဦး ထက်မနည်း သေဆုံး 

စပိန်နိုင်ငံမြို့တော် မဒရစ်မြို့လယ်ရှိ  ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းက ပိုင်တဲ့ အဆောက်အအုံတစ်ခုမှာ  အားပြင်းတဲ့ပေါက်ကွဲမှုဖြစ်ပြီး  လူ ၃ ယောက်ထက် မနည်း သေဆုံးကာ ၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုအရ မြို့လယ်ကို ပေါက်တဲ့ ကော်လေတိုလေဒိုလမ်းထဲမှာ ဓာတ်ငွေ့ ယိုစိမ့်လို့ ပေါက်ကွဲတာလို့ မြို့တော်ဝန်က ပြောပါတယ်။ “အပျက်အစီးတွေအကြားမှာ အလောင်းတလောင်းကို ရှာတွေ့ပြီး ဘွိုင်လာပေါ်မှာ အလုပ်လုပ်တဲ့ လူတယောက်ရှိတယ်။ မီးသတ်သမားတွေက အပြိုအပျက်တွေကို ဖယ်နေတုန်းပဲ” မြို့တော်ဝန်က ဆက်ပြောပါတယ်။ ဘုရားကျောင်း တာဝန်ရှိသူတယောက်ကတော့ ဘုရားကျောင်း လုပ်အားပေး တယောက် ပျောက်နေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူ နှစ်ယောက်ကို ဆေးရုံ တင်ပို့ထားပြီး တစ်ယောက်က ဦးခေါင်း ဒဏ်ရာကြောင့် အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ရိုက်တာသတင်းဌာန ကရေးပါတယ်။ အေပီသတင်း တပုဒ်မှာတော့ သေဆုံးသူ ၄ ယောက်ရှိတယ်လို့ ရေးသားဖော်ပြပါတယ်။ ဒီအဆောက်အအုံဟာ  ဘာသာရေး ဆရာတွေအတွက် သင်တန်းပေးတဲ့နေရာ ဖြစ်သလို အိမ်ခြေမဲ့တွေကို စားစရာဝေတဲ့ နေရာလည်း  ဖြစ်ပါတယ်။
9 months Ago
Up