ခန့်မှန်းရ ခက်သလို မထင်မှတ်တာတွေ ဖြစ်တတ်တာဟာ ဘောလုံးပွဲရဲ့ သဘာဝ တခုလို့ ပြောလို့ ရမယ်ထင်ပါတယ်။
တခါတရံ ဂိုးရမယ်လို့ မထင်မှတ်ဘဲ ကြောင်တောင်တောင်နဲ့ ၀င်သွားတဲ့ ဂိုးတွေလည်း ရှိပါတယ်။
ယူကျူ့က ပြီးခဲ့တဲ့ လပိုင်းတွေမှာ တင်ခဲ့တဲ့ ရုပ်သံဖိုင်တခုမှာတော့ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရတဲ့ ဂိုး ၁၀ ဂိုးကို စုစည်း တင်ဆက်ထားပါတယ်။ ရုပ်သံက တချို့ပေးလိုက်ရတဲ့ ဂိုးတွေက ငိုအားထက် ရယ်အားသန်တယ်လို့ ပြောလို့ရရင်တော့ မမှားပါဘူး။
ဘောလုံးသမိုင်းမှာ ကြောင်တောင်တောင် အဖြစ်ဆုံး ဂိုး ၁၀ ဂိုးလို့ အမည်ပေးပြီး
Peradze အကောင့်က ယူကျူ့မှာ တင်ထားတာ ဖြစ်ပါတယ်။
7 years Ago