မတော်တဆ သေဆုံး

A d v e r t i s e m e n t With Us

November 18, 2020

ပြင်သစ် ဂျက်လူသား ဗင့်စ်ရစ်ဖယ် ဒူဘိုင်းတွင် မတော်တဆ သေဆုံး

ပြင်သစ်ဂျက်လူသား ဗင့်ရစ်ဖယ်ဟာ ဒူဘိုင်းမှာလုပ်တဲ့ လေ့ကျင့်မှုအတွင်း မတော်တဆဖြစ်ပြီး သေဆုံးသွားတယ်လို့ သူ့အဖွဲ့က နိုဝင်ဘာ ၁၇ ရက်မှာ ကြေညာပါတယ်။  အသက် ၃၆ နှစ်အရွယ် ရစ်ဖယ်က အင်ဂျင်ငယ် ၄ လုံးတပ် ကပ်ဗလာတောင်ပံတွေကို သုံးပြီး မြန်နှုန်းမြင့်ပျံသန်းမှုစတန့်တွေ လုပ်ပြဖို့ ဒူဘိုင်းကို သွားရောက်ခဲ့တာပါ။  “ဗင့်စ်ဟာ အရည်သွေးရှိ အားကစားသမားဖြစ်ပြီး အတော်ချစ်ခင်လေးစားခံရသူတစ်ဦး ဖြစ်ပါတယ်။ ဗင့်စ်ရဲ့ကွယ်လွန်မှုအတွက် သူ့ရဲ့မိသားစု၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ  ထပ်တူခံစားရပါတယ်” လို့ ဒူဘိုင်းဂျက်လူသား ဖေ့စ်ဘွတ်ပေ့ချ်မှာ ပို့စ်တင်ထားပါတယ်။  ရစ်ဖယ်ဟာ sky diver တစ်ဦးလည်း ဖြစ်ပြီး အမြင့်ဆုံး base jump  ကမ္ဘာ့စံချိန် တင်ထားသူလည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အမြင့်ဆုံး ဒူဘိုင်းက ဘာ့ဂ်ခါလီဖာ မိုးမျှော်တိုက်ပေါ်ကနေ ခုန်ချပြဖူးတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago
Up