မတူခြားနားသည့် လက်နက်များ တီထွင်ထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ပြော

December 13, 2017

မတူခြားနားသည့် လက်နက်များ တီထွင်ထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ပြော

ရန်သူထက် အင်အား အပြတ်အသတ် သာလွန်အောင် မတူခြားနားတဲ့ လက်နက်တွေကို ပိုပြီး တီထွင်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဒီဇင်ဘာ ၁၁ ရက်နေ့က ပြောလိုက်ပါတယ်။ ရှားရှားပါးပါးကျင်းပတဲ့ ခဲယမ်းမီးကျောက်ဆိုင်ရာ ညီလာခံမှာ အခုလို ပြောလိုက်တာပါ။ နောက်ဆုံးထုတ် ဟွာဆောင် 15 ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ဖို့ ကင်နဲ့ တခြား ပါဝင်သူတွေဟာ ၈ ကြိမ်မြောက် ခဲယမ်းမီးကျောက် ညီလာခံကို တက်ရောက်ခဲ့ပုံ ရုပ်သံကို မြောက်ကိုရီးယားအစိုးရ မီဒီယာ ကေအာတီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်လွှင့် ပြသပါတယ်။ ကင်က မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ချီးကျူးဖို့လည်း ညီလာခံအတွင်း ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အရင်လက ခေတ်အမီဆုံးဆိုတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM ကို စမ်းသပ် လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ဒဏ်ခတ်မှုကို အာခံတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန် ကုန်းမကြီးကို ရောက်အောင် ပစ်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည် ဖန်တီးဖို့ လုပ်ငန်းစဉ်ကို တွန်းအားပေး လုပ်ဆောင်နေပါတယ်။
4 years Ago
Up