မတူညီသည့် အသင်း ၄၅ သင်းကို အနိုင်ရသည့်နည်းပြအဖြစ် အာစင်ဝင်းဂါး မှတ်တမ်းဝင်

October 3, 2017

မတူညီသည့် အသင်း ၄၅ သင်းကို အနိုင်ရသည့်နည်းပြအဖြစ် အာစင်ဝင်းဂါး မှတ်တမ်းဝင်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲက မတူညီတဲ့ အသင်း ၄၅ သင်းကို အနိုင်ရတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အာစင်ဝင်းဂါးအနေနဲ့ မန်ယူနည်းပြဟောင်း ဖာဂူဆန် စံချိန်တင်ထားတဲ့ မတူညီတဲ့ ကလပ်အသင်း ၄၄ သင်းအား အနိုင်ရထားတဲ့မှတ်တမ်းကို ကျော်ဖြတ်ပြီး အခုလို စံချိန်တင်နိုင်ခဲ့တာပါ။ လီဗာပူးအသင်းကို ဂိုးပြတ်ရှုံးပြီးနောက်ပိုင်း ခြေစွမ်းပြနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ လိဂ်ပြိုင်ပွဲ ခေတ္တရပ်နားပြီး နိုင်ငံတကာပွဲစဉ်တွေ ကစားရတာဟာ မိမိတို့အသင်းအတွက် နစ်နာစေတယ်လို့လည်း အာစင်ဝင်းဂါးက ဆိုပါတယ်။ အာစင်ဝင်းဂါးဟာ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ အာဆင်နယ်နည်းပြအဖြစ် စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့ ၂၁ နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ခဲ့ပါတယ်။
4 years Ago
Up