မတရားဥပဒေပုဒ်မတပ်ပြီး ဖမ်းဆီးခံရမှု ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်

January 21, 2018

မတရားဥပဒေပုဒ်မတပ်ပြီး ဖမ်းဆီးခံရမှု ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်

  ကျောင်းသားလူငယ်တွေ၊ သတင်းသမားတွေ၊ တိုင်းရင်းသားလူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတခု ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ မတရားဥပဒေပုဒ်မတွေတပ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တရားစွဲဆိုခြင်းနဲ့ ပြစ်ဒဏ်များ ချမှတ်ခြင်းတွေနဲ့ပတ်သက်ပြီး ပြုလုပ်တာဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတဦးက ဆိုပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ လှည်းတန်းနဲ့ အင်လျားကန်ဘောင်တို့မှာ မနေ့ညနေပိုင်းက လှုပ်ရှားမှု နှစ်ကြိမ်ခွဲပြုလုပ်ခဲ့တာပါ။
4 years Ago
Up