မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁၊ ၂) နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ မုံးကိုးကချင် နှစ်ခြင်းခရစ်ယာန် သင်းထောက်ဆရာ ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ နှစ်ဦး လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာသူထဲမှာ သူတို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။
ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို ၂၀၁၅ ဒီဇင်ဘာလက မုံးကိုးတိုက်ပွဲမှာ တပ်မတော်က ဖမ်းဆီးသွားပြီးနောက် တလအကြာမှာ သောင်းကျန်းသူတွေအတွက် ငွေကြေး ထောက်ပံ့ကူညီတာ၊ သတင်းပေးတာ၊ လူသစ်စုဆောင်းပေးတာနဲ့ မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်တာတွေ လုပ်ခဲ့တယ်ဆိုပြီး တပ်မတော်က တရားစွဲဆိုခဲ့ပါတယ်။
ပြီးခဲ့နှစ်အတွင်း သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်ကျော် ပြစ်ဒဏ် အမိန့်ချခံရတာဖြစ်ပြီး ထောင်တွင်းမှာ တနှစ်ခွဲလောက် အကျဉ်းကျခဲ့ပြီးနောက် မနေ့က ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ၂၀၁၅ ခုနှစ် မုံးကိုးတိုက်ပွဲကာလတွေမှာ အဲဒီဒေသကို သွားရောက် သတင်းယူခဲ့တဲ့ သတင်းသမားတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
Photo : Kachin News Group
3 years Ago